Print

နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်း

  28-Feb-2017
Preview Image

နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်း
ကလေးမွေးပြီစလတွေမှာ မိခင်နို့တိုက်ကျွေးရင် ခန္ဓာကိုယ်မှာ မမျိုးဥ မကြွေကျအောင် ဟန့်တားပေးတဲ့အတွက် ကလေးမရအောင် တားဆီးနိုင်တယ်။ ကလေးမရအောင် တားဆီးဖို့ နို့တိုက်နည်းကို သုံးမယ်ဆိုရင်တော့ ကလေးအတွက်ရော မိခင်အတွက်ရော အကျိုးရှိတာအမှန်ပါပဲ။

(၁) ကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်ရမှာဖြစ်တယ်။ နို့ကလွဲလို့ တခြားအစားအစာ လုံးဝ မကျွေးရဘူး။ 

(၂) ဒီနည်းကိုသုံးချိန်မှာ မိခင်ဟာ ရာသီလုံးဝ ပြန်မပေါ်ရဘူး။ ရာသီစလာပြီဆိုရင် စိတ်မချရတော့ပါဘူး။ 

(၃) ကလေးအသက်ခြောက်လအထိပဲ စိတ်ချရတယ်ဆိုတဲ့ အချက်ပါပဲ။ ခြောက်လပြည့်ပြီ ဆိုတာနဲ့ အခြားသားဆက်ခြားနည်းကို ပြောင်းသုံးရမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18